တအာင်း (ပလောင်) လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် စာပေအမွေအနှစ်ကို ဒစ်ဂျစ်တယ်ခေတ်တွင် အပြည့်အဝအသုံးပြုနိုင်ရန် စနစ်တကျ တည်ဆောက်ထားသော Ta’ang Unicode Keyboard ဖြစ်ပါသည်။
ဤကီးဘုတ်သည် လက်ကွက်၏သဘောသဘာဝအတိုင်း တအာင်းဘာသာအက္ခရာအားလုံးကို စနစ်ကျပြီး မြန်ဆန်စွာ ရိုက်ထည့်နိုင်စေရန် ဒီဇိုင်းဆွဲထားပါသည်။ Facebook, Microsoft Word, Email စသည့်နေရာတိုင်းတွင် မိမိ၏မူရင်းစကားကို ဂုဏ်ယူစွာ အသုံးပြုနိုင်ပါပြီ။
- ပြည့်စုံမှု: တအာင်းဘာသာအက္ခရာ အားလုံးအပြည့်အစုံ ပါဝင်ပါသည်။
- လိုက်ဖက်မှု: Windows 7, 8, 10, 11 စနစ်အားလုံးနှင့် သဟဇာတပြေစွာ အလုပ်လုပ်နိုင်ပါသည်။
- ပေါ့ပါးမှု: PC ထဲသို့ လွယ်ကူစွာထည့်သွင်းနိုင်ပြီး ကွန်ပျူတာ Memory စားသုံးမှု အလွန်နည်းပါးပါသည်။
- အခမဲ့: အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။
ကီးဘုတ်ကို အသုံးပြုရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ-
- အောက်ပါ လင့်ခ်မှတစ်ဆင့် Installer ဖိုင်ကို ဒေါင်းလုဒ်ရယူပါ။ 👉 Download Ta'ang Keyboard or ပေါ်မှာ ပြထားသည့် Ta'ang Unicode Keyboard.rar Click နိုပ်ပြီး Download လို့လဲရပါသည်။
- ဒေါင်းလုဒ်ရလာသော Zip ဖိုင်ကို ဖြည်ပါ (Extract လုပ်ပါ)။
🔐 Password:
TDDP - Folder အတွင်းရှိ
Setup.exeကို နှစ်ချက်နှိပ်ပြီး ညွှန်ကြားချက်အတိုင်းNextနှင့်Installကို ရွေးချယ်သွားပါ။ - Install လုပ်ငန်းစဉ်ပြီးဆုံးပါက ကွန်ပျူတာကို Restart ချပါ (လိုအပ်လျှင်)။
- ကွန်ပျူတာပြန်တက်လာပါက
Win + SpaceBarကို တွဲနှိပ်ပြီး Ta’ang Unicode ကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။
- Windows PC Version (Released)
- Android & iOS Versions: မိုဘိုင်းဖုန်းများအတွက် Ta’ang Keyboard App ကို လောလောဆယ် စမ်းသပ်ဆဲဖြစ်ပြီး၊ မကြာခင်အချိန်တွင် အပြည့်အစုံ ထုတ်လုပ်ပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်စောင့်မျှော်အားပေးကြပါ။
ဤကီးဘုတ်ကို မိတ်ဆွေ၊ ဆွေမျိုးများထံ မျှဝေပေးခြင်းဖြင့် တအာင်းဘာသာစကား ထိန်းသိမ်းရေးလုပ်ငန်းတွင် ပါဝင်ကူညီကြပါ။ ကျွန်ုပ်တို့၏ စာပေအမွေအနှစ်ကို နည်းပညာဖြင့် မျိုးဆက်သစ်များထံ ဂုဏ်တင်စွာ လက်ဆင့်ကမ်းနိုင်ကြပါစေ။
အသုံးပြုရာတွင် အဆင်မပြေမှုများရှိပါက သို့မဟုတ် အကြံပေးလိုပါက ဤ Repository ၏ Issues section တွင် ဝင်ရောက်ရေးသားနိုင်ပါသည်။
"Download Ta'ang Keyboard PC"